back

ထိုင်းနိုင်ငံတွင် ပြည်သူများ၏ စားဝတ်နေရေးစရိတ် လျှော့ချနိုင်ရန် တစ်ပွဲလျှင် ၄၀ ဘတ်တန် အသင့်စားအစာစီမံကိန်းကို လာမည့် ဩဂုတ်လတွင် စတင်ရန် စီစဉ်

Jul 13 • 9:26 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် ပြည်သူများ၏ စားဝတ်နေရေးစရိတ် လျှော့ချနိုင်ရန် တစ်ပွဲလျှင် ၄၀ ဘတ်တန် အသင့်စားအစာစီမံကိန်းကို လာမည့် ဩဂုတ်လတွင် စတင်ရန် စီစဉ်

ထိုင်းနိုင်ငံတွင် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အစားအသောက်ဈေးနှုန်းများ ဘတ် ၅၀ ထက် ကျော်လွန်နေပြီဖြစ်ရာ ပြည်သူများ၏ စားဝတ်နေရေးစရိတ်ကို လျှော့ချပေးနိုင်...

ထိုင်းနိုင်ငံတွင် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အစားအသောက်ဈေးနှုန်းများ ဘတ် ၅၀ ထက် ကျော်လွန်နေပြီဖြစ်ရာ ပြည်သူများ၏ စားဝတ်နေရေးစရိတ်ကို လျှော့ချပေးနိုင်ရန်အတွက် တစ်ပွဲလျှင် ၄၀ ဘတ်နှုန်းဖြင့် ရောင်းချမည့် ၃ လကြာ စီမံကိန်းတစ်ခုကို လာမည့် ဩဂုတ်လတွင် စတင်နိုင်ရန် စီစဉ်နေကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး စုဖာဂျီ စုထမ်ဖန်က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းတွင် အစားအသောက်ရောင်းချသူ အယောက် ၁ သိန်းခန့် မိမိတို့သဘောဆန္ဒအလျောက် ပါဝင်လာမည်ဟု မျှော်လင့်ထားပြီး၊ ပါဝင်မည့်ဆိုင်များကို အစိုးရက ကုန်ကြမ်းထောက်ပံ့ကြေးအဖြစ် ဘတ် ၃,၀၀၀ မှ ၁၀,၀၀၀ အထိ ပံ့ပိုးပေးမည့်အပြင် ရှင်းလင်းသည့် ဆိုင်းဘုတ်များလည်း ရိုက်နှိပ်ပေးသွားမည်ဖြစ်သည်။ စီမံကိန်းကို ယခုလ တတိယပတ်တွင် အစိုးရအဖွဲ့ (ကက်ဘိနက်) ထံ တင်ပြအတည်ပြုချက်ရယူသွားမည်ဖြစ်ကာ အောင်မြင်မှုရရှိပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်တမ်းတိုးမြှင့်ကာ တိုးချဲ့ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

news-view-count-icon

17