back

ရှမ်းပြည်နယ်၊တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ သုံးဘီးဆိုင်ကယ် ပြေးဆွဲနေသူများအား အလုပ်အကိုင် လုယူနေသည်ဟု ထိုင်းတက္ကစီသမားများ စွပ်စွဲတိုင်ကြား

Jul 13 • 9:25 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ သုံးဘီးဆိုင်ကယ် ပြေးဆွဲနေသူများအား အလုပ်အကိုင် လုယူနေသည်ဟု ထိုင်းတက္ကစီသမားများ စွပ်စွဲတိုင်ကြား

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်းသို့ သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည် ပို့ဆောင်နေသူအချို့သည်...

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်းသို့ သုံးဘီးဆိုင်ကယ်ဖြင့် ခရီးသည် ပို့ဆောင်နေသူအချို့သည် TAXI ဆိုင်းဘုတ်များတပ်ဆင်ကာ စည်းကမ်းဖောက်ဖျက်ပြီး ထိုင်းနိုင်ငံသားတို့၏ အလုပ်အကိုင်များကို လုယူနေကြောင်း မယ်ဆိုင်ဒေသခံများနှင့် ထိုင်းတက္ကစီသမားများက လူမှုကွန်ရက်တွင် စွပ်စွဲတိုင်ကြားလာကြကြောင်း ဒေသခံများထံမှ သိရသည်။ မြန်မာသုံးဘီးမောင်းနှင်သူများဘက်ကမူ ၎င်းတို့အနေဖြင့် နှစ်နိုင်ငံခွင့်ပြုချက်အရ မြန်မာဘက်မှ ခရီးသည်များကို မယ်ဆိုင်အဝေးပြေးကားဂိတ်အထိ လိုက်လံပို့ဆောင်ပေးခြင်းသာဖြစ်ပြီး ထိုင်းယာဉ်မောင်းများက မနာလို၍ တိုင်ကြားခြင်းဖြစ်ကြောင်း ပြောဆိုသော်လည်း၊ ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်မောင်းနှင်ခြင်းလုပ်ငန်းကို ရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်ခွင့်မရှိဘဲ တားမြစ်ထားသဖြင့် အဖမ်းအဆီးနှင့် ကန့်သတ်မှုများ ကြုံတွေ့လာရနိုင်သောကြောင့် မြန်မာသုံးဘီးသမားများအနေဖြင့် ခရီးသည်ပို့ဆောင်ပြီးပါက အချိန်ဆွဲမနေဘဲ ချက်ချင်းပြန်လာကြရန် တာချီလိတ်ဒေသခံများက အသိပေးအကြံပြုထားကြသည်။

news-view-count-icon

15