back

မွန်ပြည်နယ်၊မုဒုံမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးကြီးမှုကြောင့် ဘိုးဘွားရိပ်သာ အဆောင်အမိုးများ ပျက်စီးကာ ပြန်လည်ပြုပြင်ရန် အကူအညီများလိုအပ်နေ

Jul 13 • 9:23 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊မုဒုံမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးကြီးမှုကြောင့် ဘိုးဘွားရိပ်သာ အဆောင်အမိုးများ ပျက်စီးကာ ပြန်လည်ပြုပြင်ရန် အကူအညီများလိုအပ်နေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဘိုးဘွားရိပ်သာသည် ဇူလိုင် ၁၂ ရက်က တိုက်ခတ်ခဲ့သည့် လေပြင်းမိုးကြီးဒဏ်ကြောင့် အဘိုးဆောင်၊ အဘွားဆောင်နှင့် မီးဖိုချောင်အမိုးများ ပျက်...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဘိုးဘွားရိပ်သာသည် ဇူလိုင် ၁၂ ရက်က တိုက်ခတ်ခဲ့သည့် လေပြင်းမိုးကြီးဒဏ်ကြောင့် အဘိုးဆောင်၊ အဘွားဆောင်နှင့် မီးဖိုချောင်အမိုးများ ပျက်စီးခဲ့သည့်အပြင် သစ်ပင်များလဲပြိုပြီး လျှပ်စစ်မီးတိုင်နှင့် မီးကြိုးများပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မြန်မာ့လူငယ်အဖွဲ့(Y) တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ရိပ်သာအတွင်း သန့်ရှင်းရေး၊ အဆောင်များ ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် လျှပ်စစ်မီး ပြန်လည်ရရှိရေးတို့အတွက် လူအင်အား၊ ပစ္စည်းနှင့် ငွေကြေးအကူအညီများ ဆက်လက်လိုအပ်နေသဖြင့် စေတနာရှင်အလှူရှင်များ၏ ပံ့ပိုးကူညီမှုကို မျှော်လင့်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

16