back

ထိုင်းနိုင်ငံ၊မြေကျွံကျမှုများ ဖြစ်ပွားနေသည့် ဘန်ကောက်မြို့ သွန်ဘူရီနှင့် ကလောင်ဆန်ဒေသတို့ကို ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာ

Jul 13 • 9:28 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊မြေကျွံကျမှုများ ဖြစ်ပွားနေသည့် ဘန်ကောက်မြို့ သွန်ဘူရီနှင့် ကလောင်ဆန်ဒေသတို့ကို ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာ

ဘန်ကောက်မြို့ ခရမ်းရောင်ရထားလိုင်း တူးမြောင်းတိုးချဲ့မှုမှတစ်ဆင့် ရေယိုစိမ့်မှုဖြစ်ပွားကာ လမ်းများကျွံဝင်ခြင်းနှင့် အဆောက်အအုံများ အက်ကြောင်းထွက်ခြင်းတို့ ဖြစ်ပ...

ဘန်ကောက်မြို့ ခရမ်းရောင်ရထားလိုင်း တူးမြောင်းတိုးချဲ့မှုမှတစ်ဆင့် ရေယိုစိမ့်မှုဖြစ်ပွားကာ လမ်းများကျွံဝင်ခြင်းနှင့် အဆောက်အအုံများ အက်ကြောင်းထွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သောကြောင့် မြို့တော်အာဏာပိုင်များက သွန်ဘူရီ (Thonburi) နှင့် ကလောင်ဆန် (Khlong San) ဒေသများကို ဘေးအန္တရာယ်ဇုန်အဖြစ် တရားဝင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ လက်ရှိတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ကာကွယ်ရေးဌာနအပါအဝင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဝမ်ဝီယန်ယိုင် (Wongwian Yai) အနီးတစ်ဝိုက်ကို တစ်ရက် ၃ ကြိမ် စနစ်တကျ စစ်ဆေးလျက်ရှိပြီး အဆောက်အအုံများ တိမ်းစောင်းကျွံဝင်မှုနှုန်းမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ဘေးအန္တရာယ်နယ်မြေအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ထိခိုက်ခံစားရသူများအတွက် အရေးပေါ်အကူအညီများနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

20