back

ပြည်တွင်းဖိနပ်ဈေးကွက်၏ ၇၅ ရာခိုင်နှုန်းကို ပြည်ပသွင်းကုန်များက လွှမ်းမိုးထားပြီး ပြည်တွင်းထုတ်လုပ်မှုအား ၂ နှစ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်း

Jul 13 • 9:14 AM

breaking-news

Myanmar

Local

cover

ပြည်တွင်းဖိနပ်ဈေးကွက်၏ ၇၅ ရာခိုင်နှုန်းကို ပြည်ပသွင်းကုန်များက လွှမ်းမိုးထားပြီး ပြည်တွင်းထုတ်လုပ်မှုအား ၂ နှစ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ရည်မှန်း

မြန်မာနိုင်ငံ၏ ဖိနပ်ဈေးကွက် ၇၅ ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပမှတင်သွင်းသည့် ဖိနပ်များက ကြီးစိုးထားပြီး ပြည်တွင်းထုတ်ဖိနပ်များမှာ ၂၅ ရာခိ...

မြန်မာနိုင်ငံ၏ ဖိနပ်ဈေးကွက် ၇၅ ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပမှတင်သွင်းသည့် ဖိနပ်များက ကြီးစိုးထားပြီး ပြည်တွင်းထုတ်ဖိနပ်များမှာ ၂၅ ရာခိုင်နှုန်းသာ ရောင်းချနေရသဖြင့် လာမည့် ၂ နှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကံညွန့်က ဇူလိုင် ၁၂ ရက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပြည်ပမှ ဖိနပ်တင်သွင်းခွင့်ကို ပိတ်ပင်ထားသော်လည်း နည်းအမျိုးမျိုးဖြင့် ဝင်ရောက်နေဆဲဖြစ်ရာ ပြည်တွင်းဖိနပ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်တွင်းထွက်ရော်ဘာနှင့် ကုန်ကြမ်း ၈၅ ရာခိုင်နှုန်းကို အသုံးပြုကာ ဖိနပ်စက်မှုရပ်ကွက် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို အဆိုပါ တိုင်းနှင့် ပြည်နယ်လုံးဆိုင်ရာ အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

24