ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည် ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်များအရ မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်ရက်အတွင်း ၂ ပေခန့် ထပ်မံမြင့်တက်ကာ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ သောင်ရင်းမြစ်ရေသည် ၂၄ နာရီအတွင်း ၁၈၇ စင်တီမီတာအထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခုအတိုင်း ဆက်လက်မြင့်တက်ပါက မြစ်ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြု ကြိုတင်ပြင်ဆင်ထားကြရန် နှိုးဆော်ထားကာ၊ အလားတူ ဘားအံမြို့ရှိ သံလွင်မြစ်ရေမှာလည်း စိုးရိမ်ရေမှတ်အနီးတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိပြီး နောက်တစ်ရက်အတွင်း ၂ ပေခန့် ထပ်မံမြင့်တက်နိုင်ကြောင်း မိုးဇလ သတိပေး
Jul 13 • 9:06 AM
Myanmar
Kayin
Share
| 17 | 0 | 0 | 0 |


