ဝယ်ယူထားသည့် စားအုန်းဆီကို ကိုယ်တိုင်အမှန်တကယ် အသုံးမပြုဘဲ အမြတ်တင်ကာ တစ်ဆင့်ပြန်လည်ရောင်းချသူများကို စိစစ်အရေးယူလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနက ဇူလိုင် ၁၁ ရက်တွင် အသိပေးကြေညာခဲ့သည်။ ဌာနအနေဖြင့် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများကို ပြည်သူများထံ ဖြန့်ဖြူးရာ၌ တိုင်းနှင့် ပြည်နယ်အလိုက် စားသုံးမှုနှုန်းလျာထားချက်အတိုင်း အပြည့်အဝရောက်ရှိစေရန် အသုတ်လိုက် ဖြန့်ခွဲပေးလျက်ရှိပြီး ဒေသအလိုက် ကြီးကြပ်ရေးအဖွဲ့များက ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင် စားသောက်ကုန်၊ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းများအတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီကိုလည်း အမှန်တကယ်လိုအပ်သည့် လုပ်ငန်းအရေအတွက်ပေါ် အခြေခံစိစစ်၍ ဖြန့်ဖြူးပေးနေသဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အမှန်တကယ်လိုအပ်သည့် ပမာဏကိုသာ လျှောက်ထားဝယ်ယူကြရန် တိုက်တွန်းထားကြောင်း သိရသည်။
ဝယ်ယူထားသည့် စားအုန်းဆီကို အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများကို စိစစ်အရေးယူနေကြောင်း စားသုံးသူရေးရာဦးစီးဌာန ကြေညာ
Jul 13 • 9:05 AM
Myanmar
Local
Share
| 32 | 0 | 0 | 0 |


