back

ပြန်သုံးလို့ရတဲ့ ဒုံးပျံပုံစံငယ်ကို ဂျပန်အောင်မြင်စွာ လွှတ်တင်၊ ပြန်လည်ဆင်းသက်နိုင်ခဲ့

Jul 13 • 9:04 AM

breaking-news

Japan

Local News

cover

ပြန်သုံးလို့ရတဲ့ ဒုံးပျံပုံစံငယ်ကို ဂျပန်အောင်မြင်စွာ လွှတ်တင်၊ ပြန်လည်ဆင်းသက်နိုင်ခဲ့

ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) သည် ကုန်ကျစရိတ်များစွာ လျှော့ချပေးနိုင်မည့် အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံရှေ့ပြေးပုံစံငယ်တစ်ခုကို အကီတာဒေသ...

ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) သည် ကုန်ကျစရိတ်များစွာ လျှော့ချပေးနိုင်မည့် အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံရှေ့ပြေးပုံစံငယ်တစ်ခုကို အကီတာဒေသ၊ နိုရှီရိုမြို့ရှိ စမ်းသပ်ကွင်း၌ အောင်မြင်စွာ လွှတ်တင်ကာ ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်း ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါစမ်းသပ်မှုတွင် ဒုံးပျံငယ်သည် အမြင့် ၁၀ မီတာခန့်အထိ တက်လှမ်းခဲ့ပြီး စက္ကန့် ၄၀ ကြာ ပြဿနာမရှိဘဲ ပျံသန်းကာ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ရာ၊ လတ်တလောတွင် အမေရိကန် SpaceX ကုမ္ပဏီက လွှမ်းမိုးထားပြီး ပြီးခဲ့သည့် သောကြာနေ့ကလည်း တရုတ်နိုင်ငံက အလားတူအောင်မြင်မှု ရရှိထားသည့် ပြန်သုံးနိုင်သော ဒုံးပျံနည်းပညာနယ်ပယ်တွင် ဂျပန်နိုင်ငံအတွက် ကုန်ကျစရိတ်အကြီးမားဆုံးဖြစ်သည့် ပထမအဆင့်တွန်းဒုံးပျံ အစိတ်အပိုင်းများကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် အရေးပါသော ခြေလှမ်းသစ်တစ်ရပ် ဖြစ်လာကြောင်း သိရသည်။

news-view-count-icon

14