back

ပင်နယ်တီအား ဘေးသို့ကန်ထုတ်ခဲ့သည့် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းကို တစ်ပွဲပယ်နှင့် ဒဏ်ကြေး ကျပ်နှစ်သိန်း ချမှတ်

Jul 13 • 9:03 AM

breaking-news

Myanmar

Local

cover

ပင်နယ်တီအား ဘေးသို့ကန်ထုတ်ခဲ့သည့် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းကို တစ်ပွဲပယ်နှင့် ဒဏ်ကြေး ကျပ်နှစ်သိန်း ချမှတ်

မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၄) ရတနာပုံအသင်းနှင့် မြဝတီအသင်းတို့ပွဲစဉ်တွင် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ရရှိခဲ့သည့် ပင်နယ်တီအား ဂိုးသွင်းရန် မကြိုး...

မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၄) ရတနာပုံအသင်းနှင့် မြဝတီအသင်းတို့ပွဲစဉ်တွင် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ရရှိခဲ့သည့် ပင်နယ်တီအား ဂိုးသွင်းရန် မကြိုးစားဘဲ ဘေးသို့ ရည်ရွယ်ချက်ရှိရှိ ကန်ထုတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက အနီးဆုံးတစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ကျပ်နှစ်သိန်း ချမှတ်လိုက်ကြောင်း သိရသည်။ ဝင်းသိင်္ဂီထွန်းက အဆိုပါလုပ်ရပ်မှာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝန်ခံတောင်းပန်ထားသော်လည်း ယင်းလုပ်ရပ်သည် အားကစားပြိုင်ဆိုင်မှုစံနှုန်းများနှင့် ဒိုင်၏ဆုံးဖြတ်ချက်ကို သက်ရောက်မှုရှိစေ၍ အရေးယူခဲ့ခြင်းဖြစ်ကာ၊ ပွဲအပြီးတွင် ဒိုင်လူကြီးများနှင့်ပတ်သက်၍ မှတ်ချက်ပေးခဲ့သည့် ရတနာပုံနည်းပြချုပ် ဦးဘိုဘိုအောင်ကိုလည်း ဒဏ်ကြေး ကျပ်ခုနှစ်သိန်း ချမှတ်ခဲ့ကြောင်း၊ ထို့ပြင် ဒိုင်ဆုံးဖြတ်ချက်အပေါ် မကျေနပ်၍ ကွင်းအတွင်းမှ ထွက်ခွာမည့် အမူအရာပြသခဲ့သည့် မြဝတီအသင်းကိုလည်း ပြင်းထန်စွာ သတိပေးထားကြောင်း သိရသည်။

news-view-count-icon

18