back

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကျေးရွာရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

Jul 13 • 9:16 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကျေးရွာရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာရှိ Terminal စက်သုံးဆီဆိုင်နောက်ကျောတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခ...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာရှိ Terminal စက်သုံးဆီဆိုင်နောက်ကျောတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၃ ရက် နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခန့်က နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုသတင်းရရှိရခြင်း မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး စုစုပေါင်း မီးသတ်ယာဉ် ၆ စီး ချက်ချင်းထွက်ခွာငြှိမ်းသတ်ခဲ့ရာ၊ နံနက် ၈ နာရီ ၁၆ မိနစ်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး နံနက် ၈ နာရီ ၂၂ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

news-view-count-icon

18