back

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ Terminal ဆီဆိုင်နောက်ကျောတွင် နေအိမ်မီးလောင်မှုဖြစ်ပွား၊

Jul 13 • 4:52 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ Terminal ဆီဆိုင်နောက်ကျောတွင် နေအိမ်မီးလောင်မှုဖြစ်ပွား၊

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာရှိ Terminal စက်သုံးဆီဆိုင် နောက်ကျောဘက်တွင် ဇူလိုင်လ ၁၃ ရက် နံနက် ၇ နာရီ ၅၅ မိနစ်အချိန်က နေအိမ်မ...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာရှိ Terminal စက်သုံးဆီဆိုင် နောက်ကျောဘက်တွင် ဇူလိုင်လ ၁၃ ရက် နံနက် ၇ နာရီ ၅၅ မိနစ်အချိန်က နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုသတင်းအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ ၁ စီး နှင့် ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းမှ ၁ စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၆ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သည်။မီးသတ်တပ်ဖွဲ့ဝင်များ၏ အချိန်မီ ထွက်ခွာငြှိမ်းသတ်မှုကြောင့် နံနက် ၈ နာရီ ၁၆ မိနစ်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ နံနက် ၈ နာရီ ၂၂ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက အရေးပေါ် ဖုန်းနံပါတ် Hotline 191 သို့ ဆက်သွယ်အကူအညီတောင်းခံရန် နှိုးဆော်ထားသည်။

news-view-count-icon

21