back

ရန်ကုန်စီးတီးအသင်း ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို လာမည့်ရာသီသစ်အတွက် ဒုတိယမြောက် ပြည်ပကစားသမားအဖြစ် ခေါ်ယူ

Jul 13 • 2:31 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်စီးတီးအသင်း ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို လာမည့်ရာသီသစ်အတွက် ဒုတိယမြောက် ပြည်ပကစားသမားအဖြစ် ခေါ်ယူ

ရန်ကုန်စီးတီးအသင်းသည် လာမည့်ရာသီသစ်အတွက် ဒုတိယမြောက် နိုင်ငံခြားသားကစားသမားအဖြစ် ပြီးခဲ့သည့်ရာသီက ရှမ်းယူနိုက်တက်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ဂျပန်တောင်ပံတိုက်စစ...

ရန်ကုန်စီးတီးအသင်းသည် လာမည့်ရာသီသစ်အတွက် ဒုတိယမြောက် နိုင်ငံခြားသားကစားသမားအဖြစ် ပြီးခဲ့သည့်ရာသီက ရှမ်းယူနိုက်တက်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ဂျပန်တောင်ပံတိုက်စစ်ကစားသမား ရုဂျီဟီရိုတာကို ခေါ်ယူလိုက်သည်။ ရုဂျီဟီရိုတာသည် ရှမ်းယူနိုက်တက်အသင်းသို့ မရောက်ရှိမီ ဂျပန်နှင့် ထိုင်းကလပ်အသင်းများစွာတွင် ကျင်လည်ကစားခဲ့သူဖြစ်ပြီး ရန်ကုန်စီးတီးအသင်းက ၎င်း၏စာချုပ်သက်တမ်းကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း တစ်ရာသီသက်တမ်းသာ ဖြစ်ဖွယ်ရှိကြောင်း သိရသည်။

ရန်ကုန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့သော ပြည်ပကစားသမား ၅ ဦးစလုံးနှင့် လမ်းခွဲထားပြီးဖြစ်ကာ လက်ရှိတွင် ဘရာဇီးနောက်ခံလူ ပက်ဒရိုနှင့် ဂျပန်ကစားသမား ရုဂျီဟီရိုတာ အပါအဝင် ပြည်ပကစားသမား ၂ ဦး၊ ပြည်တွင်းကစားသမားများဖြစ်ကြသည့် ဇွဲထက်မင်း၊ ဇွဲခန့်မင်း၊ ဘုန်းသစ္စာမင်း၊ မြတ်ကောင်းခန့်၊ သန်းတိုးအောင်နှင့် စိုးအကာတို့အပါအဝင် ပြည်တွင်းကစားသမား ၆ ဦး၊ စုစုပေါင်း ကစားသမားသစ် ၈ ဦးအထိ ခေါ်ယူဖြည့်တင်းထားပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

8