ချယ်လ်ဆီးအသင်းသည် အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုကို အပြီးတိုင် ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ပြီး ပြောင်းရွှေ့ကြေးအဖြစ် ပြည်ပကလပ်များအတွက် ယူရိုသန်း ၅၀ နှင့် ပရီးမီးယားလိဂ်ကလပ်များအတွက် ပေါင် ၄၅ သန်း သတ်မှတ်လိုက်သည်။ကမ္ဘာ့ဖလားပြိုင်ပွဲ မကစားရသည့် ချယ်လ်ဆီးကစားသမားများ ပြီးခဲ့သည့် ကြာသပတေးနေ့က အသင်းနှင့် လာရောက်ပူးပေါင်းရမည့် ရက်တွင် ဂါနာချိုသည် လာရောက်ပူးပေါင်းခြင်း မရှိခဲ့ပေ။ လက်ရှိတွင် ဂါနာချိုသည် အီတလီစီးရီးအေကလပ် ရိုးမားအသင်းသို့ ပြောင်းရွှေ့လိုနေသော်လည်း ရိုးမားဘက်က ကနဦးအငှားဖြင့်သာ ခေါ်ယူလိုနေပြီး ချယ်လ်ဆီးကမူ အပြီးတိုင်ရောင်းချရန်သာ ဆန္ဒရှိနေသည်။ဂါနာချိုသည် ပြီးခဲ့သည့်နွေရာသီကမှ မန်ယူနိုက်တက်အသင်းမှ ပေါင် သန်း ၄၀ ဖြင့် ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ် ၂၄ ပွဲတွင် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ၎င်း၏ အပြောင်းအရွှေ့ဖြစ်မြောက်ပါက အသင်းဟောင်း မန်ယူနိုက်တက်အနေဖြင့် အပြောင်းအရွှေ့တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
Jul 13 • 2:17 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


