back

ကရင်ပြည်နယ်၊မြဝတီ၌ သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားသဖြင့် ရေများစတင်ဝင်ရောက်နေ

Jul 13 • 2:16 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်၊မြဝတီ၌ သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်သွားသဖြင့် ရေများစတင်ဝင်ရောက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဒေါနတောင်တန်းတစ်လျှောက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေသည် ဇူလိုင်လ ၁၂ ရက် ညနေ ၅ နာရီခွဲ တိုင်းထွာချက်အရ စိုးရိမ...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဒေါနတောင်တန်းတစ်လျှောက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေသည် ဇူလိုင်လ ၁၂ ရက် ညနေ ၅ နာရီခွဲ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ကာ ၉၉၀ စင်တီမီတာသို့ ရောက်ရှိလာပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေဝင်မှုများ စတင်ကြုံတွေ့နေရသည်။ မြစ်ဖျားခံရာ ဂေါလီချောင်းနှင့် ဝါလေချောင်းဖျားတို့တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေခြင်းကြောင့် မြစ်ရေမှာ ဆက်လက်တိုးပွားမည့် အခြေအနေတွင် ရှိနေပြီး ဇူလိုင်လ ၁၂ ရက် မွန်းလွဲပိုင်းမှစ၍ မြဝတီမြို့ အမှတ် (၁) ရပ်ကွက်၊ စိန်နဂါးဟိုတယ်ရှေ့နှင့် ရွှေကျွန်းဂိတ် အောက်ချိုင့်ဝှမ်းနေရာအချို့တွင် ချောင်းရေများ စိမ့်ဝင်လာနေပြီဖြစ်သည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း လာမည့် ၂၄ နာရီအတွင်းကရင်ပြည်နယ်အတွင်း မိုးကြီးခြင်း၊ လမ်းများပျက်စီးခြင်း၊ တာပေါ်ရေကျော်ခြင်း၊ မြေပြိုခြင်းနှင့် မြစ်ရေချောင်းရေလျှံခြင်းများ ဖြစ်ပွားနိုင်သဖြင့် အထူးသတိပြုရန် အသိပေးထားသည်။

news-view-count-icon

31