၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် အင်္ဂလန်အသင်းက နော်ဝေအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း အသင်း၏ကစားပုံနှင့် ပတ်သက်၍ နည်းပြ တူဟယ်လ်နှင့် ကွင်းလယ်လူ ဘယ်လင်ဂမ်တို့အကြား မီဒီယာများရှေ့တွင် အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။အဆိုပါပွဲစဉ်တွင် ဘယ်လင်ဂမ်က အင်္ဂလန်အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ပွဲအပြီးတွင် နည်းပြတူဟယ်လ်က အသင်း၏ကစားပုံမှာ လျော့တိလျော့ရဲဖြစ်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းမှာ ကံကောင်း၍ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ရာ၊ ဘယ်လင်ဂမ်က နော်ဝေအသင်းသည် ဟာလန်းကဲ့သို့ ကစားသမားများပါဝင်သည့် ခက်ခဲသောပြိုင်ဘက်ဖြစ်ပြီး နည်းပြအနေဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် မည်သို့ကစားရမည်ကို မသိခြင်း ဖြစ်နိုင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။နည်းပြ တူဟယ်လ်ကမူ ဘယ်လင်ဂမ်၏ ပြောကြားချက် မမှားသော်လည်း ကစားသမားများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်ရန် လိုအပ်သည်ဟု ထပ်မံတုံ့ပြန်ခဲ့သည်။ တူဟယ်လ်သည် ၂၀၂၅ ဇန်နဝါရီလတွင် အင်္ဂလန်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း ဘယ်လင်ဂမ်နှင့် ဆက်ဆံရေး တင်းမာမှုများ ရှိခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်ကလည်း ဘယ်လင်ဂမ်မှာ ပွဲထွက်ခွင့်ရရန် မသေချာသည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
Jul 13 • 2:15 AM
Myanmar
International
Share
| 20 | 0 | 0 | 0 |


