back

တရုတ်နိုင်ငံအရှေ့ပိုင်းသို့ တိုင်ဖွန်းဘာဗီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၃၄ ဦး ဒဏ်ရာရပြီး လေကြောင်းလိုင်းများ ဖျက်သိမ်းရ

Jul 12 • 12:29 PM

breaking-news

China

Local News

cover

တရုတ်နိုင်ငံအရှေ့ပိုင်းသို့ တိုင်ဖွန်းဘာဗီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၃၄ ဦး ဒဏ်ရာရပြီး လေကြောင်းလိုင်းများ ဖျက်သိမ်းရ

တရုတ်နိုင်ငံအရှေ့ပိုင်းသို့ ဇူလိုင်လ ၁၂ ရက် မနက်အစောပိုင်းက တိုင်ဖွန်းဘာဗီမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ဇီကျန်းပြည်နယ်၊ ဝမ်ကျိုးမြို့တွင် မိုးသည်းထန်စွာရ...

တရုတ်နိုင်ငံအရှေ့ပိုင်းသို့ ဇူလိုင်လ ၁၂ ရက် မနက်အစောပိုင်းက တိုင်ဖွန်းဘာဗီမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ဇီကျန်းပြည်နယ်၊ ဝမ်ကျိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ တရုတ်(တိုင်ပေ)တွင် မုန်တိုင်းကြောင့် လူ ၁၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ မုန်တိုင်းမဝင်ရောက်မီ လူပေါင်း ၂ သန်းနီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး မုန်တိုင်းကြောင့် ဇူလိုင် ၁၂ ရက်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ လေယာဉ်ခရီးစဉ် စုစုပေါင်း ၁၉၉ ခုကို ဖျက်သိမ်းခဲ့ရကာ၊ လက်ရှိတွင် မုန်တိုင်းမှာ ကုန်းတွင်းပိုင်း၌ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့သော်လည်း တရုတ်နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းတစ်လျှောက် မိုးဆက်လက်သည်းထန်နိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားသည်။

news-view-count-icon

9