back

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ဂတ်(စ်)ပိုက်လိုင်း တစ်လိုင်းပေါက်ကွဲခဲ့

Jul 13 • 1:36 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ဂတ်(စ်)ပိုက်လိုင်း တစ်လိုင်းပေါက်ကွဲခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းတွင် ဇူလိုင်လ ၁၂ ရက် ည ၈ နာရီ ၄၄ မိနစ်အချိန်ခန့်က ဂတ်(စ်)ပိုက်လိုင်းပေါက်နေကြောင်း သတင်...

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းတွင် ဇူလိုင်လ ၁၂ ရက် ည ၈ နာရီ ၄၄ မိနစ်အချိန်ခန့်က ဂတ်(စ်)ပိုက်လိုင်းပေါက်နေကြောင်း သတင်းရရှိခဲ့သည်။ အဆိုပါသတင်းအရ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းထွက်ခွာ၍ လိုအပ်သည့် အရေးပေါ်အခြေအနေ ထိန်းချုပ်မှုများနှင့် လုံခြုံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ည ၉ နာရီ ၂၃ မိနစ်အချိန်တွင် ဂတ်(စ်)ပိုက်လိုင်းအား ဘား (Valve) ပိတ်နိုင်ခဲ့ပြီး အန္တရာယ်ကင်းရှင်းစွာဖြင့် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

23