back

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လယ်ယာမြေဧက ၁၀၀ ကျော် ရေမြုပ်

Jul 12 • 12:28 PM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လယ်ယာမြေဧက ၁၀၀ ကျော် ရေမြုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းနေသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ရာ ဇူလိုင် ၁၁ ရက် နံနက်ပိုင်းမှစတင်၍ ငှက်ပျေ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းနေသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ရာ ဇူလိုင် ၁၁ ရက် နံနက်ပိုင်းမှစတင်၍ ငှက်ပျောတောကျေးရွာဘက်မှ ရေပေါင်ကျော်ဝင်ရောက်လာမှုကြောင့် လယ်ယာမြေဧက ၁၀၀ ကျော်နှင့်အတူ စီမံကိန်းကွင်းများဖြစ်သည့် အမှတ် (၈၅) နှင့် အမှတ် (၈၆) ကွင်းများပါ ရေမြုပ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် အင်းလေးဒေသအတွင်း မိုးဆက်တိုက်ရွာသွန်းကာ ရေအမှတ် ဆက်လက်မြင့်တက်နေသဖြင့် စိုက်ပျိုးထားသည့် သီးနှံများ ထိခိုက်ပျက်စီးမည့်အရေးကို ဒေသခံတောင်သူများက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

12