back

မွန်ပြည်နယ်၊ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ရေကြီးနစ်မြုပ်မှုဖြစ်ပွား၍ ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ပြီး လူဦးရေ ၁၆၀၀ ကျော်ကို ရွှေ့ပြောင်းပေးထား

Jul 12 • 12:26 PM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ရေကြီးနစ်မြုပ်မှုဖြစ်ပွား၍ ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ပြီး လူဦးရေ ၁၆၀၀ ကျော်ကို ရွှေ့ပြောင်းပေးထား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၂ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာအ...

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၂ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာအထက် ၁၀၂၉ စင်တီမီတာသို့ ၇ စင်တီမီတာ ကျော်လွန်မြင့်တက်လာကာ မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၂ အုပ်စုတို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်ခဲ့သည့် ဒေသခံပြည်သူများအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ စီစဉ်မှုဖြင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအဖွဲ့များ ပူးပေါင်းကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ပေးခဲ့ပြီး၊ အိမ်ထောင်စု ၄၂၇ စုမှ လူဦးရေ ၁,၆၂၆ ဦးတို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရာချထားပေးခဲ့သည့်အပြင် ဆန်၊ ရေသန့်၊ ကြက်ဥနှင့် မုန့်ခြောက်/ခေါက်ဆွဲခြောက် စသည့် အရေးပေါ်စားနပ်ရိက္ခာများ ပေးအပ်ကူညီနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

25