back

မိုင်းလားတွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ကျားဖြန့်အဖွဲ့ဝင် ၄၀ ဦးကို တရုတ်အစိုးရထံ ထပ်မံလွှဲပြောင်းပေးအပ်

Jul 12 • 12:24 PM

breaking-news

China

Local News

cover

မိုင်းလားတွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ကျားဖြန့်အဖွဲ့ဝင် ၄၀ ဦးကို တရုတ်အစိုးရထံ ထပ်မံလွှဲပြောင်းပေးအပ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားဒေသအတွင်း တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၄၀ ဦးကို အထောက်အထား အီလက...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားဒေသအတွင်း တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၄၀ ဦးကို အထောက်အထား အီလက်ထရောနစ်ပစ္စည်းများနှင့်အတူ ဇူလိုင် ၁၀ ရက်တွင် မိုင်းလား-တာလော့ နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။ မိုင်းလားရဲတပ်ဖွဲ့သည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ နယ်စပ်ဖြတ်ကျော် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းလျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်ကလည်း တရုတ်နိုင်ငံသား ၁၅၅ ဦးကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် မိုင်းလား၌ တရုတ်အစိုးရလုံခြုံရေးဗျူရို၏ ရုံးခွဲငယ်တစ်ခု ဖွင့်လှစ်ကာ ခေတ်မီအထောက်အကူပြုကိရိယာများဖြင့် ပံ့ပိုးကူညီပေးလျက်ရှိပြီး၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းကလည်း တရုတ်အစိုးရအလိုရှိသည့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၀၀ နှင့် ၄၀၀ ကြားကို ဖမ်းဆီးကာ တာလော့နယ်စပ်ဂိတ်မှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

8