ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မိုင်တိုင်အမှတ် (၁၈၇/၂) နှင့် (၁၈၇/၃) ကြားတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်က ပုသိမ်မြို့မှ ကြံခင်းမြို့သို့ မောင်းနှင်လာသည့် အမြန်ရထားသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားဘီး သံလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရထားလမ်းချော်မှု ဖြစ်ပွားရာသို့ ပုသိမ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ခရီးသည်များ ဘေးကင်းလုံခြုံစေရေးနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်-ကြံခင်း အမြန်ရထား သံလမ်းချော်မှုဖြစ်ပွား
Jul 12 • 12:23 PM
Myanmar
Ayeyarwady
Share
| 17 | 0 | 0 | 0 |


