ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသရှိ ပြည်နယ် ၆ ခုနှင့် ဘန်ကောက်မြို့တို့တွင် ပင်လယ်ရေတက်မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ဇူလိုင် ၁၃ ရက်မှ ၁၉ ရက်အထိ ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း သတိထား နေထိုင်ကြရန် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန (DDPM) က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ ၎င်းဒီရေတက်မှုကြောင့် ကျောက်ဖရားမြစ်အတွင်း ရေလျှံထွက်ကာ ရေကာနံရံမရှိသည့် မြစ်ကမ်းပါးနေရာများနှင့် နိမ့်ပါးသော ဒေသများတွင် ရေကြီးနိုင်ပြီး စောင့်ကြည့်ရမည့် ပြည်နယ်များမှာ ပထုန်ထာနီ၊ နွန်ထာဘူရီ၊ နခွန်ပထုန်၊ စမုတ်စာခွန်၊ စမုတ်စုန်ခရမ်နှင့် စမုတ်ပရာကန်တို့ဖြစ်ကာ၊ ပြည်သူများအနေဖြင့် 'THAI DISASTER ALERT' အပလီကေးရှင်းမှတစ်ဆင့် နောက်ဆုံးရသတင်းများကို စောင့်ကြည့်နိုင်သည့်အပြင် အကူအညီလိုအပ်ပါက LINE သို့မဟုတ် ဟော့လိုင်းဖုန်း ၁၇၈၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဘန်ကောက်နှင့် ထိုင်းအလယ်ပိုင်း ပြည်နယ် ၆ ခုတွင် ဒီရေတက်နိုင်သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားနိုင်ကြောင်း DDPM သတိပေး
Jul 12 • 12:22 PM
Thailand
Local News
Share
| 20 | 0 | 0 | 0 |


