back

မွန်ပြည်နယ်၊မုဒုံမြို့နယ် ဘိုးဘွားရိပ်သာဝန်းအတွင်း သစ်ပင်လဲကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ဝိုင်းဝန်းရှင်းလင်း

Jul 12 • 11:59 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊မုဒုံမြို့နယ် ဘိုးဘွားရိပ်သာဝန်းအတွင်း သစ်ပင်လဲကျမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ဝိုင်းဝန်းရှင်းလင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်လမ်းရှိ မုဒုံဘိုးဘွားရိပ်သာဝန်းအတွင်း၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အခ...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်လမ်းရှိ မုဒုံဘိုးဘွားရိပ်သာဝန်းအတွင်း၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအပြင် မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့၊ Y Ambulance လူမှုကယ်ဆယ်ရေးအသင်းနှင့် မေတ္တာရန်အောင်မီးလင်းရေးအဖွဲ့တို့မှ အဖွဲ့ဝင်များ စုပေါင်းကာ ဘိုးဘွားရိပ်သာအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သည့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို ချက်ချင်းသွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

17