သွင်းကုန်လိုင်စင်၊ ပါမစ် သို့မဟုတ် ကြေညာလွှာမရှိဘဲ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းပါက ကုန်ပစ္စည်းအမျိုးအစားအလိုက် စည်းကြပ်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းမှ ၃၀၀ ရာခိုင်နှုန်း (၃ ဆ) အထိ ဒဏ်ကြေးချမှတ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည့်အပြင်၊ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ (၁) ဖြင့် တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၆ အရ သိရသည်။ အဆိုပါ အမိန့်အသစ်တွင် ကုန်ပစ္စည်းတင်ပို့/တင်သွင်းရာ၌ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ဒဏ်ကြေးနှုန်းထားများကို ပြင်ဆင်သတ်မှတ်ထားပြီး ယခင်ထုတ်ပြန်ချက်ဟောင်းများကို ပယ်ဖျက်ခဲ့ရာ၊ ကုန်ပစ္စည်းများ၌ အမှတ်တံဆိပ်နှင့် ပင်ရင်းနိုင်ငံ တိကျစွာဖော်ပြရန် ပျက်ကွက်ခြင်း၊ ယာဉ်နှင့်ယန္တရားများ ထုတ်လုပ်သည့်ခုနှစ် ကွဲလွဲခြင်း၊ အလေးချိန်နှင့် အတိုင်းအတာ ကွဲလွဲခြင်းများအတွက် ဒဏ်ကြေးနှင့် ပစ္စည်းသိမ်းဆည်းမည့် ပြစ်ဒဏ်များကို အသီးသီး သတ်မှတ်ထားသည်။ ထို့ပြင် ကုန်ပစ္စည်းများ လိုင်စင်ခွင့်ပြုချက်မရမီ ကြိုတင်ရောက်ရှိခြင်း သို့မဟုတ် လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ရောက်ရှိလာခြင်းတို့အတွက် ရက်အလိုက် ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်ပါက ကုန်ပစ္စည်းများ သိမ်းဆည်းခံရမည်ဖြစ်ကာ၊ ပို့ကုန်များနှင့်ပတ်သက်၍လည်း စာရွက်စာတမ်းမပါရှိပါက ပစ္စည်းသိမ်းဆည်းသည်အထိ တင်းကျပ်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သွင်းကုန်လိုင်စင်မရှိဘဲ ကုန်ပစ္စည်းတင်သွင်းပါက ကုန်တန်ဖိုး၏ ၃ ဆအထိ ဒဏ်ရိုက်ပြီး ပစ္စည်းသိမ်းမည့်အပြင် ထောင်ဒဏ် ၃ နှစ်ချမှတ်နိုင်သော ဥပဒေဖြင့် အရေးယူမည်ဟု ကြေညာ
Jul 12 • 12:16 PM
Myanmar
Local
Share
| 54 | 0 | 0 | 0 |


