၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်များ ယနေ့နံနက်ပိုင်းတွင် ပြီးဆုံးခဲ့ရာ ထိပ်သီးအင်အားကြီးအသင်းများဖြစ်သည့် ပြင်သစ်၊ စပိန်၊ အင်္ဂလန်နှင့် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းတို့ ဆီမီးဖိုင်နယ်သို့ အသီးသီး တက်လှမ်းသွားနိုင်ခဲ့ကြောင်း သိရသည်။ ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်များအဖြစ် အာဂျင်တီးနားက ဆွစ်ဇာလန်ကို အချိန်ပိုတွင် ၃-၁ ဂိုးဖြင့်လည်းကောင်း၊ အင်္ဂလန်က နော်ဝေကို အချိန်ပိုတွင် ၂-၁ ဂိုးဖြင့်လည်းကောင်း အသီးသီး ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပြီး၊ ပြင်သစ်က မော်ရိုကိုအား ၂-၀ ဂိုး၊ စပိန်က ဘယ်လ်ဂျီယံအား ၂-၁ ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ကြသည်။ ဥရောပနှင့် တောင်အမေရိကမှ ထိပ်သီးအသင်းကြီးများသာ ကျန်ရှိတော့သည့် အဆိုပါပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် မြန်မာစံတော်ချိန် ဇူလိုင် ၁၅ ရက် မနက်စောပိုင်းတွင် ပြင်သစ်နှင့် စပိန်၊ ဇူလိုင် ၁၆ ရက် မနက်စောပိုင်းတွင် အင်္ဂလန်နှင့် အာဂျင်တီးနားတို့ ဖိုင်နယ်တက်လှမ်းရေးအတွက် အကြိတ်အနယ် ထိပ်တိုက်ရင်ဆိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပြီးဆုံး၍ ပြင်သစ်၊ စပိန်၊ အင်္ဂလန်နှင့် အာဂျင်တီးနားတို့ ဆီမီးဖိုင်နယ်သို့ တက်လှမ်း
Jul 12 • 9:34 AM
Myanmar
International
Share
| 26 | 0 | 0 | 0 |


