ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း စစ်တကောင်းနှင့် ကော့ဘဇား အပါအဝင် ခရိုင်ခုနစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၄ ဦး သေဆုံးကာ လူပေါင်း ၁ သန်းကျော် ရေဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံတွေ့နေရကြောင်း ဇူလိုင်လ ၁၁ ရက်တွင် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် အိမ်ထောင်စု ၂ သိန်း ၆ သောင်းကျော် ရေဘေးအတွင်း ပိတ်မိနေပြီး လျှပ်စစ်ဓာတ်အား၊ လမ်းပန်းဆက်သွယ်ရေးနှင့် ရေကြောင်းလိုင်းများ ပြတ်တောက်နေမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးလျက်ရှိကာ ဒေသခံများမှာလည်း ရေမြုပ်နေသည့် နေအိမ်များကြောင့် အစားအသောက်နှင့် အလင်းရောင်မဲ့သည့် အခက်အခဲများကို ရက်ဆက်ကြုံတွေ့နေရသဖြင့် အာဏာပိုင်များနှင့် အကူအညီပေးရေးလုပ်သားများက အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိနိုင်ရန် အလျင်စလို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြင်းထန်စွာ ရေကြီးမြေပြိုမှုကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးပြီး လူ ၁ သန်းကျော် ရေဘေးဒဏ်ကြုံတွေ့နေရ
Jul 12 • 9:33 AM
Myanmar
International
Share
| 26 | 0 | 0 | 0 |


