အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့နှင့် ဇူလိုင် ၁၁ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များအပြင်၊ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဗန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေး
Jul 12 • 9:30 AM
Myanmar
International
Share
| 13 | 0 | 0 | 0 |


