ဂျပန်နိုင်ငံတွင် ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ ယူ-၁၂ ဘောလုံးအသင်း ကစားသမားရွေးချယ်ပွဲကို ဇူလိုင် ၁၁ ရက်က ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်နက် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် နိုင်ငံတစ်ဝန်းရှိ သတ်မှတ်ချက်ကိုက်ညီသည့် လူငယ်များအားလုံး ပါဝင်ခွင့်ရစေရန် စီစဉ်ခြင်းဖြစ်ပြီး၊ ရွေးချယ်ပွဲပထမနေ့တွင် ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီ၌ လူငယ် ၄၂ ဦးနှင့် မန္တလေးမြန်မာဘောလုံးအကယ်ဒမီ၌ ၂၀ ဦး လာရောက်အစမ်းရွေးချယ်ခံခဲ့ကြကာ အဆိုပါ ကစားသမားရွေးချယ်ပွဲကို ဇူလိုင် ၁၂ ရက်အထိ ဆက်လက်ကျင်းပ၍ ထူးချွန်သူများကို အသင်းအဖြစ် စနစ်တကျ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
U12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ အသင်း ကစားသမားရွေးချယ်ပွဲ ရန်ကုန်နှင့် မန္တလေးမြို့တို့၌ စတင်ကျင်းပ
Jul 12 • 9:19 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


