မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (Aichi-Nagoya 2026 Asian Games) အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို လာမည့် ဇူလိုင် ၂၃ ရက်တွင် ဂျပန်နိုင်ငံရှိ Hilton Nagoya ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဂျပန်နိုင်ငံရှိ မြို့ကြီး ၅ မြို့တွင် ကျင်းပမည်ဖြစ်ပြီး၊ ပြိုင်ပွဲတွင် အိမ်ရှင်နှင့် လက်ရှိချန်ပီယံ ဂျပန်အသင်းအပါအဝင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား စသည့် ထိပ်သီးအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မဲခွဲပွဲအပြီးတွင် မြန်မာအသင်း၏ အုပ်စုနှင့် ပြိုင်ဘက်များကို တရားဝင်သိရှိရမည်ဖြစ်ကာ လက်ရှိတွင် မြန်မာအသင်းအား ဂျပန်လူမျိုးနည်းပြချုပ် Mitsuo Kato က ဦးဆောင်ကိုင်တွယ်လျက်ရှိကြောင်း သိရသည်။
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃ ရက်တွင် ဂျပန်၌ ကျင်းပမည်
Jul 12 • 9:18 AM
Japan
Local News
Share
| 1 | 0 | 0 | 0 |


