ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့တို့တွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်ပြီး ဖြစ်သဖြင့် မြို့ပေါ်နှင့် ကျေးရွာများမှ ဒေသခံပြည်သူများ လာရောက်ဆေးကုသမှု ခံယူလျက်ရှိရာ လက်ရှိတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း (၂၈၅) ဦးဖြင့် လူနာပေါင်း (၁၃,၆၇၇) ဦးအား ဆေးကုသမှု ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖွင့်လှစ်ကုသပေးနေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၀ ရက်က ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက (Mobile) ခွဲစိတ်ခန်း တပ်ဆင်ထားရှိမှု၊ ရေ၊ မီး ရရှိမှုနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်း၊ ဆေးဝါးများ ရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ ပြည်သူ့ဝန်ဆောင်မှုရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၊ အုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 12 • 9:16 AM
Myanmar
Chin
Share
| 18 | 0 | 0 | 0 |


