၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို Online မှ ကြိုတင်လျှောက်ထားသည့်စနစ်ဖြင့် လာမည့် ဇူလိုင် ၁၄ ရက်မှ စတင်၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ အမှတ်စာရင်း ထုတ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ DME Online Service Portal (https://osp.dme.gov.mm) တွင် ကြိုတင်ရက်ချိန်းရယူ လျှောက်ထားရမည်ဖြစ်ပြီး၊ ဇူလိုင် ၁၆ ရက်မှစတင်ကာ မိမိတို့လျှောက်ထားခဲ့သည့် နေပြည်တော်ရုံးချုပ် (ရုံးအမှတ်-၅၂) သို့မဟုတ် ရန်ကုန်ရုံးခွဲ (လှိုင်မြို့နယ်၊ ပါရမီလမ်း) တို့တွင် Portal မှ ရရှိသည့် QR Code နှင့် လုပ်ငန်းစဉ်နံပါတ် ပြသ၍ ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လူကိုယ်တိုင် လာရောက်ထုတ်ယူရန် အခက်အခဲရှိပါက DME Online Service Portal တွင် လျှောက်ထားပြီး မြန်မာ့စာတိုက်လုပ်ငန်း၏ စာပို့စနစ်ဖြင့် အိမ်တိုင်ရာရောက် ပေးပို့နိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို Online မှ ကြိုတင်လျှောက်ထားသည့်စနစ်ဖြင့် ဇူလိုင် ၁၄ ရက်မှ စတင်ထုတ်ပေးမည်
Jul 12 • 9:26 AM
Myanmar
Local
Share
| 123 | 0 | 0 | 0 |


