ယူအေအီးနိုင်ငံ၏ ပထမဆုံး အမျိုးသားခရီးသည်တင်ရထားကွန်ရက်ဖြစ်သော Etihad Rail သည် အဘူဒါဘီ (Mohamed Bin Zayed City စတေရှင်) မှ ဖူဂျိုင်းရ်ှ (Al Hilal စတေရှင်) သို့ ပြေးဆွဲမည့် အဖွင့်ခရီးစဉ်ကို တရားဝင်စတင်လိုက်ပြီ ဖြစ်သည်။ ဤရထားခရီးစဉ်သည် ပုံမှန်ကားမောင်းလျှင် ၂ နာရီခွဲမှ ၃ နာရီအထိ ကြာမြင့်မည့် လမ်းကြောင်းကို အမြင့်ဆုံးတစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့် ၁ နာရီနှင့် ၄၅ မိနစ် (၁၀၅ မိနစ်) သာ ကြာမြင့်စေမည် ဖြစ်သည်။ ရထားလက်မှတ်ခများမှာ Comfort Class အတွက် ၅၅ ဒီရဟမ်မှ စတင်ပြီး Premium Class အတွက် ၁၂၀ ဒီရဟမ်မှ စတင်ကာ ခရီးစဉ်များကို etihadrail.ae ဝက်ဘ်ဆိုက် သို့မဟုတ် Mobile App မှတစ်ဆင့် ဝယ်ယူနိုင်သည်။ခရီးသည်များ အဆင်ပြေစေရန်အတွက် အဘူဒါဘီမြို့တွင်းရှိ အဓိကနေရာများ (ADNOC ဌာနချုပ်၊ ADNEC စင်တာ၊ Reem Mall) မှ ရထားဘူတာသို့ တိုက်ရိုက်ပြေးဆွဲပေးမည့် ၁၀ ဒီရဟမ်တန် Shuttle Bus ဝန်ဆောင်မှုကိုလည်း စီစဉ်ပေးထားသည်။ ရထားပေါ်တွင် ခရီးသည်များအတွက် Wi-Fi၊ အားသွင်းပေါက်များနှင့် အခမဲ့ သရေစာမုန့်များ ပါဝင်မည်ဖြစ်ပြီး၊ ဖူဂျိုင်းရ်ှဘူတာသို့ ရောက်ရှိပါကလည်း Umbrella Beach နှင့် ဖူဂျိုင်းရ်ှပြတိုက် စသည့် အပန်းဖြေနေရာများသို့ ၁၂ မိနစ်အတွင်း သွားရောက်နိုင်ရန် ကားအငှားလုပ်ငန်းများနှင့် တက္ကစီများကိုပါ ဝန်ဆောင်မှုပေးထားကြောင်း သိရသည်။
Jul 12 • 6:49 AM
UAE
Local News
Share
| 6 | 0 | 0 | 0 |


