back

ရှမ်းပြည်နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းပေါက်နှင့် မိုင်းခတ်တွင် စပါးခင်းဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီး

Jul 12 • 5:00 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းပေါက်နှင့် မိုင်းခတ်တွင် စပါးခင်းဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပေါက်မြို့နှင့် မိုင်းခတ်မြို့နယ်တို့တွင် ဇူလိုင်လ ၈ ရက်နေ့မှစတင်ကာ ယနေ့အထိ ရက်ဆက်မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မြစ်ရေချောင်...


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပေါက်မြို့နှင့် မိုင်းခတ်မြို့နယ်တို့တွင် ဇူလိုင်လ ၈ ရက်နေ့မှစတင်ကာ ယနေ့အထိ ရက်ဆက်မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မြစ်ရေချောင်းရေများနှင့် တောင်ကျရေများလျှံတက်ကာ စပါးခင်းဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။ ဒေသခံတောင်သူများ၏အဆိုအရ စပါးခင်းအများအပြားမှာ ရေအောက်ရောက်ရှိသွားသည့်အပြင် နုန်း၊ သဲနှင့် မြေပြိုမှုများကြောင့် ပြန်လည်ကုစားရန် ခက်ခဲနေသဖြင့် တစ်နှစ်စာစားနပ်ရိက္ခာနှင့် စိုက်ပျိုးစရိတ်အကြွေးများအတွက်ပါ လမ်းမမြင်ဘဲ အခက်တွေ့နေကြရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးသည်းထန်မှုအပြင် တရုတ်နိုင်ငံဘက်မှ ရေကာတာဖောက်ချမှုများကြောင့်ပါ ရေကြီးမှု၊ လမ်းပြိုမှုနှင့် စိုက်ခင်းပျက်စီးမှုများ ကြုံတွေ့နေရသဖြင့် ဒေသအာဏာပိုင်များနှင့် ပြည်နယ်တရားရေးဌာနတို့က ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်သတိပြုနိုင်ရေးအတွက် အသိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။


news-view-count-icon

15