ဂျပန်ဗဟိုဘဏ် (BOJ) ၏ သောကြာနေ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီအချင်းချင်းအကြား ကုန်သွယ်မှုပြုသည့် ကော်ပိုရိတ်ကုန်စည်စျေးနှုန်း အညွှန်းကိန်း (CGPI) သို့မဟုတ် လက်ကားစျေးနှုန်း (Wholesale Inflation) သည် ဇွန်လအတွင်း ယခင်နှစ်ကာလတူထက် ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ အရှိန်အဟုန်မြှင့် မြင့်တက်ခဲ့ပြီး၊ ၎င်းသည် ၃ နှစ်ကျော်ကာလအတွင်း အမြင့်မားဆုံး စံချိန်တင် မြင့်တက်မှုဖြစ်ကြောင်း သိရသည်။ မေလအတွင်းက ပြန်လည်ပြင်ဆင်ထားသည့် လက်ကားစျေးနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မှုထက် ပိုမိုမြင့်မားလာခြင်းဖြစ်ပြီး မဟာဗျူဟာမြောက် ကုန်ကြမ်းပစ္စည်းများနှင့် စွမ်းအင်ကို ပြည်ပမှ အဓိကတင်သွင်းနေရသည့် ဂျပန်နိုင်ငံအတွက် ကုန်စျေးနှုန်းဖိအားများ ပိုမိုကြီးမားလာစေသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် လောင်စာဆီကုန်ကျစရိတ် မြင့်မားလာခြင်းနှင့် ယန်းငွေတန်ဖိုး အဆက်မပြတ် အားနည်းနေခြင်းတို့ကြောင့် သံသတ္တုမဟုတ်သော သတ္တုများ (Nonferrous metals)၊ ရေနံနှင့် ကျောက်မီးသွေးထွက်ကုန် စျေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့ပြီး သွင်းကုန်စျေးနှုန်း (Import Prices) များသည်လည်း ၂၉ ဒသမ ၇ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့သည်။ စီးပွားရေးပညာရှင်များက ကုန်ထုတ်လုပ်မှုအဆင့် စျေးနှုန်းများ ယခုကဲ့သို့ စံချိန်တင်မြင့်တက်လာခြင်းသည် လာမည့်လများတွင် စားသုံးသူအဆင့် ကုန်စျေးနှုန်း (Consumer Inflation) ကို ပိုမိုတွန်းအားပေး မြင့်တက်စေနိုင်ကြောင်း သုံးသပ်ထားကြပြီး၊ အဆိုပါအခြေအနေကြောင့် ပြီးခဲ့သည့် ဇွန်လက အတိုးနှုန်းကို ၁ ဒသမ ၀ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့သော ဂျပန်ဗဟိုဘဏ်အနေဖြင့် ကုန်စျေးနှုန်း တည်ငြိမ်စေရန်အတွက် မူဝါဒအတိုးနှုန်းကို ထပ်မံမြှင့်တင်ရန် ပိုမိုတွန်းအားပေးမှု ဖြစ်လာစေနိုင်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုအဆင့် လက်ကားစျေးနှုန်းများ ဇွန်လတွင် ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာ
Jul 12 • 4:26 AM
Japan
Local News
Share
| 5 | 0 | 0 | 0 |


