back

နေပြည်တော်၌ အုန်း၊ငှက်ပျောဈေးနှုန်းများ အဆမတန် မြင့်တက်နေသဖြင့် ဝါအဝင် နတ်ပွဲတင်မည့်သူများ အခက်တွေ့နေ

Jul 12 • 4:24 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်၌ အုန်း၊ငှက်ပျောဈေးနှုန်းများ အဆမတန် မြင့်တက်နေသဖြင့် ဝါအဝင် နတ်ပွဲတင်မည့်သူများ အခက်တွေ့နေ

မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအရ ဝါတွင်းကာလသို့ ရောက်ရှိတော့မည့် ဝါအဝင်အချိန်အခါတွင် အိမ်တွင်းနတ်နှင့် မြင်းဖြူရှင်နတ်ပွဲများ တင်မြှောက်ရန်အတွက် အုန်းနှင့် ငှက်ပျော...

မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအရ ဝါတွင်းကာလသို့ ရောက်ရှိတော့မည့် ဝါအဝင်အချိန်အခါတွင် အိမ်တွင်းနတ်နှင့် မြင်းဖြူရှင်နတ်ပွဲများ တင်မြှောက်ရန်အတွက် အုန်းနှင့် ငှက်ပျောဈေးနှုန်းများ ကြီးမြင့်နေသဖြင့် အခြေခံလူတန်းစားများအကြား ဝယ်ယူရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း နေပြည်တော်ဒေသခံများထံမှ သိရသည်။ယခုနှစ်တွင် နတ်ပွဲတင်ရန် အဓိကအသုံးပြုရသည့် ရခိုင်ငှက်ပျောတစ်ဖီးလျှင် အနိမ့်ဆုံး ၄,၀၀၀ ကျပ်မှ စတင်ကာ အဖီးလှလျှင် ၅,၀၀၀ ကျပ်၊ ၆,၀၀၀ ကျပ်အထိ ဈေးနှုန်းရှိနေပြီး၊ နတ်ဆွဲအုန်းသီးတစ်လုံးလျှင်လည်း အနိမ့်ဆုံး ၅,၀၀၀ ကျပ်မှ အလုံးနှင့် ကြွက်မြီးအလှအပအလိုက် ၈,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ပေးဝယ်နေကြရသည်။ ယခင်နှစ်များက ရခိုင်ငှက်ပျောတစ်ဖီးလျှင် ၂,၅၀၀ ကျပ်မှ ၃,၀၀၀ ကျပ်ခန့်သာ အမြင့်ဆုံးရှိခဲ့ပြီး၊ ယခင်က ငွေကျပ်တစ်သောင်းကျော်ဖြင့် နတ်ပွဲတစ်ပွဲ အဆင်ပြေပြေ တင်နိုင်ခဲ့သော်လည်း ယခုအခါ အနည်းဆုံး ၃၀,၀၀၀ ကျပ်မှ ၄၀,၀၀၀ ကျပ်ခန့်အထိ အဆမတန် ကုန်ကျစရိတ် မြင့်မားနေခြင်း ဖြစ်သည်။နေပြည်တော်အတွင်း ရောင်းချနေသည့် ငှက်ပျောများကို ပင်လောင်း၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် ကျောက်ဆည်ဒေသများဘက်မှလည်းကောင်း၊ ဒေသတွင်း ထွက်ရှိမှုနည်းပါးသည့် အုန်းသီးများကို မော်လမြိုင်ဘက်မှလည်းကောင်း မှာယူတင်သွင်းနေရသဖြင့် သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ ခေါင်ခိုက်နေခြင်းဖြစ်ကြောင်း အုန်း၊ ငှက်ပျောရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။ ဒေသခံများအနေဖြင့် စားဝတ်နေရေး ကျပ်တည်းသည့်ကြားမှ မိရိုးဖလာမပျက် မတင်မဖြစ် တင်ကြရသဖြင့် ငွေကြေးတတ်နိုင်သူများအတွက် အဆင်ပြေနိုင်သော်လည်း အခြေခံလူတန်းစားများအတွက်မူ များစွာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရသည်။

news-view-count-icon

12