back

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့၌ မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား

Jul 12 • 3:25 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့၌ မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ အောင်ဇေယျလမ်းတွင် ဇူလိုင်လ ၁၂ ရက် နံနက် ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က လမ်းဘေးသစ်ပင်လဲက...

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ အောင်ဇေယျလမ်းတွင် ဇူလိုင်လ ၁၂ ရက် နံနက် ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က လမ်းဘေးသစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် လမ်းပိတ်ဆို့နေကြောင်း သတင်းရရှိသဖြင့် ရေကြည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ ချက်ချင်း သွားရောက်ခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များသည် အများပြည်သူနှင့် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သွားလာရေး ပြန်လည်အဆင်ပြေစေရန်အတွက် လမ်းပေါ်တွင် ပိတ်ဆို့နေသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ ချက်ချင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

11