back

ရှမ်းပြည်နယ်၊အင်းလေးဒေသတွင် ဝက်အသေကောင်များကို ရေထဲစွန့်ပစ်မှုကြောင့် အင်းတစ်လျှောက် ဝက်နာကျရောဂါ ကူးစက်ပျံ့နှံ့မှု ဆက်လက်ဆိုးရွားနေ

Jul 12 • 3:24 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊အင်းလေးဒေသတွင် ဝက်အသေကောင်များကို ရေထဲစွန့်ပစ်မှုကြောင့် အင်းတစ်လျှောက် ဝက်နာကျရောဂါ ကူးစက်ပျံ့နှံ့မှု ဆက်လက်ဆိုးရွားနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ၌ ဇူလိုင်လဆန်းပိုင်းမှစတင်ကာ ဝက်နာကျရောဂါ ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသွားသည့် ဝက်အသေကောင်များကို ရေပြင်အတွင်း စည်းကမ်းမဲ့စွန့...

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ၌ ဇူလိုင်လဆန်းပိုင်းမှစတင်ကာ ဝက်နာကျရောဂါ ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသွားသည့် ဝက်အသေကောင်များကို ရေပြင်အတွင်း စည်းကမ်းမဲ့စွန့်ပစ်နေကြခြင်းကြောင့် အင်းမြောက်ပိုင်းမှသည် တောင်ပိုင်းစံကားအင်းအထိ ကျေးရွာများအကြား ဝက်ရောဂါ ကူးစက်ပျံ့နှံ့မှု ကွင်းဆက်များ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ အင်းမြောက်ပိုင်းရှိ ရေပေါ်ကျေးရွာအချို့တွင် မြေမြှုပ်ရန် မြေနေရာအခက်အခဲရှိသဖြင့် သေဆုံးဝက်များကို ဆာလာအိတ်များဖြင့်ထုတ်ကာ ရေထဲသို့ စွန့်ပစ်ခဲ့ကြရာ၊ ၎င်းဝက်သေကောင်များမှာ တောင်ဘက်စံကားအင်းဘက်သို့ မျောပါသွားပြီး ရေထဲရှိ တီလားဗီးယားငါးများက စားသောက်ကြရာမှတစ်ဆင့် ငါးဖမ်းသမားများက ထိုငါးများကို ပြန်လည်ဖမ်းဆီးရောင်းချခြင်း၊ ရွာသားများက ဝယ်ယူစားသုံးပြီး ကျန်ရှိသည့် ဟင်းအကြွင်းအကျန်များကို ဝက်စာအဖြစ် ပြန်လည်ကျွေးမွေးခြင်းတို့ကြောင့် တစ်ရွာပြီးတစ်ရွာ ရောဂါကူးစက်ကာ အချို့ရွာများတွင် ဝက်များအကုန်လုံး သေဆုံးသွားခဲ့ရသည်။ လက်ရှိတွင် အဆိုပါငါးများကို စားသုံးခြင်းကြောင့် လူသို့ ရောဂါကူးစက်မှုမရှိသေးသော်လည်း ရောဂါဖြင့်သေဆုံးသည့် ဝက်များကို ကိုင်တွယ်မြေမြှုပ်ခဲ့သူအချို့နှင့် အင်းအနောက်ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာအချို့တွင် ဝက်သားစားသုံးပြီးနောက် အော့အန်ဖျားနာခြင်းများ ရှိနေသဖြင့်၊ ဒေသခံများက ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဝက်သေများကို ရေထဲမပစ်ဘဲ စနစ်တကျ မြေမြှုပ်နိုင်ရန် ကျေးရွာတာဝန်ရှိသူများနှင့် အာဏာပိုင်များက အရေးပေါ် အသိပညာပေးခြင်း၊ လိုအပ်သည်များကို စီမံပံ့ပိုးကူညီပေးခြင်းများ အမြန်ဆုံး ဆောင်ရွက်ပေးရန် တိုက်တွန်းတောင်းဆိုနေကြသည်။

news-view-count-icon

24