back

ရှမ်းတောင်ရှိ ပဲကြီးစိုက်တောင်သူများ ဈေးကွက်အခြေအနေကြောင့် စိုက်ဧက ထက်ဝက်ခန့် လျှော့ချစိုက်ပျိုးရန် လေ့လာသူများဆို

Jul 12 • 2:48 AM

breaking-news

Myanmar

Shan

cover

ရှမ်းတောင်ရှိ ပဲကြီးစိုက်တောင်သူများ ဈေးကွက်အခြေအနေကြောင့် စိုက်ဧက ထက်ဝက်ခန့် လျှော့ချစိုက်ပျိုးရန် လေ့လာသူများဆို

ရှမ်းပြည်နယ်တောင်ပိုင်းမှ ပဲကြီးစိုက်တောင်သူများအနေဖြင့် လာမည့် ဩဂုတ်နှင့် စက်တင်ဘာလအတွင်း စတင်စိုက်ပျိုးမည့် ပဲကြီးစိုက်ဧကများကို ယခင်နှစ်များထက် ၅၀ ရာခိုင်နှု...

ရှမ်းပြည်နယ်တောင်ပိုင်းမှ ပဲကြီးစိုက်တောင်သူများအနေဖြင့် လာမည့် ဩဂုတ်နှင့် စက်တင်ဘာလအတွင်း စတင်စိုက်ပျိုးမည့် ပဲကြီးစိုက်ဧကများကို ယခင်နှစ်များထက် ၅၀ ရာခိုင်နှုန်းခန့် လျှော့ချစိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေးနှင့် ဈေးကွက်လေ့လာနေသူအချို့က အကြံပြုထားသည်။ လက်ရှိ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပို့ကုန်ဈေးကွက်အခြေအနေများကြောင့် ယခုနှစ်ပဲကြီးဈေးကွက်မှာ ယခင်နှစ်ကဲ့သို့ ကောင်းမွန်နိုင်မည်မဟုတ်ဘဲ ဈေးနှုန်းကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းရခြင်း ဖြစ်သည်။ အောင်ပန်းကုန်စိမ်းဈေးကွက်စာရင်းများအရ လက်ရှိတွင် ပဲကြီးဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်သော်လည်း ရိတ်သိမ်းချိန်တွင် ဈေးကွက်သို့ ကုန်ပစ္စည်းများ တစ်ပြိုင်နက်တည်း ဝင်ရောက်လာပါက တောင်သူများ အမြတ်မရဘဲ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးနိုင်သည့်အန္တရာယ် ရှိနေသည်။ သို့ဖြစ်ရာ တောင်သူများအနေဖြင့် ဈေးတက်ချိန်ကိုကြည့်၍ အများအပြားစိုက်ပျိုးခြင်းထက် ရိတ်သိမ်းချိန် ဈေးကွက်အခြေအနေကို ကြိုတင်တွက်ဆကာ စိုက်ဧကများကို အတန်အသင့် လျှော့ချစိုက်ပျိုးသင့်ကြောင်းနှင့် အမှန်တကယ်ဈေးကွက်မှာမူ ပြည်တွင်းပြည်ပဝယ်လိုအားနှင့် ငွေကြေးဈေးကွက်ပေါ် မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရသည်။

news-view-count-icon

14