back

ဂျပန်၌ အားကောင်းသော “ဗာဗီ” တိုက်ဖွန်းမုန်တိုင်းကြောင့် အိုကီနာဝါတွင် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းရပြီး မြေပြို၊ ရေကြီးနိုင်ကြောင်း သတိပေး

Jul 12 • 2:23 AM

breaking-news

Japan

Local News

cover

ဂျပန်၌ အားကောင်းသော “ဗာဗီ” တိုက်ဖွန်းမုန်တိုင်းကြောင့် အိုကီနာဝါတွင် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းရပြီး မြေပြို၊ ရေကြီးနိုင်ကြောင်း သတိပေး

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းစုပြည်နယ်သို့ နေအိမ်များကိုပင် ပြိုလဲပျက်စီးစေနိုင်လောက်သည့် ပြင်းထန်သော လေပြင်းများနှင့်အတူ စနေနေ့တွင် ဝင်ရောက်တိုက်ခတ်...

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းစုပြည်နယ်သို့ နေအိမ်များကိုပင် ပြိုလဲပျက်စီးစေနိုင်လောက်သည့် ပြင်းထန်သော လေပြင်းများနှင့်အတူ စနေနေ့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် “ဗာဗီ” (Bavi) တိုက်ဖွန်းမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး မိုးလေဝသဌာနက မြေပြိုခြင်းနှင့် ရေကြီးခြင်းဘေးအန္တရာယ်များကို သတိပေးနှိုးဆော်ထားရသည်။ ဂျပန်မိုးလေဝသအေဂျင်စီ၏ ထုတ်ပြန်ချက်အရ ယခုရာသီ၏ ၉ ကြိမ်မြောက်ဖြစ်သော အဆိုပါမုန်တိုင်းသည် လှိုင်းကြီးခြင်းနှင့် မုန်တိုင်းဒီရေတက်ခြင်းများကိုပါ သယ်ဆောင်လာနိုင်သဖြင့် ကမ်းရိုးတန်းနှင့် မြစ်ကမ်းနားတစ်လျှောက် မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ မုန်တိုင်းသည် စနေနေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် အိုကီနာဝါရှိ မီယာကိုကျွန်း၏ အရှေ့တောင်ဘက်မျက်နှာချင်းဆိုင်၌ တစ်နာရီလျှင် ၂၀ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၁၆ ကီလိုမီတာအထိ ရှိကာ ဂျပန်နိုင်ငံမှ မထွက်ခွာမီ ဝေးလံခေါင်သီသော ဆာကီရှီးမားကျွန်းစုကို ဖြတ်သန်းသွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

news-view-count-icon

13