မြန်မာနိုင်ငံမှ နာမည်ကြီးဖိုက်တာ ဆွန်ရက်သည် လာမည့် ဇူလိုင်လ ၁၇ ရက် သောကြာညတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံ၌ ကျင်းပမည့် ONE Friday Fights 162 ပြိုင်ပွဲ၌ ထိုင်းဖိုက်တာ ဝတ်တီကရိုင်းနှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်းပေါင်း ၁၄ ဆိုင်းအထိ ပါဝင်မည်ဖြစ်ပြီး ဆွန်ရက်အနေဖြင့် ပထမပိုင်းပွဲစဉ်များဖြစ်သည့် The Inner Circle တွင် ပါဝင်ထိုးသတ်ရမည် ဖြစ်သည်။ မြန်မာဖိုက်တာ ဆွန်ရက်သည် ONE Championship ပြိုင်ပွဲများတွင် ပွဲပေါင်း ၁၆ ပွဲအထိ ထိုးသတ်ထားရာ ၉ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး ပြီးခဲ့သည့် မတ်လအတွင်းက ထိုးသတ်ခဲ့သည့် နောက်ဆုံးပွဲတွင် ထိုင်းဖိုက်တာ တောဖန်ဖမ်းကို အမှတ်ဖြင့် ရှုံးနိမ့်ထားခဲ့သည်။ ဆွန်ရက်နှင့် ရင်ဆိုင်ရမည့် အသက် ၂၄ နှစ်အရွယ် ထိုင်းဖိုက်တာ ဝတ်တီကရိုင်းမှာမူ ONE တွင် ၅ ပွဲထိုးသတ်ထားပြီး ၃ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားကာ နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားသဖြင့် ယခုပွဲတွင် ၃ ပွဲဆက် ရှုံးပွဲမကြုံရစေရန် အစွမ်းကုန် ရုန်းကန်ထိုးသတ်လာဖွယ် ရှိနေကြောင်း သိရသည်။
မြန်မာဖိုက်တာ ဆွန်ရက် ONE Friday Fights 162 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဝတ်တီကရိုင်းနှင့် ရင်ဆိုင်ထိုးသတ်မည်
Jul 12 • 2:21 AM
Myanmar
Local
Share
| 13 | 0 | 0 | 0 |


