back

ပဲခူးမြို့တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား

Jul 12 • 2:24 AM

breaking-news

Myanmar

Bago

cover

ပဲခူးမြို့တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရင့်နောင်လမ်းနှင့် ရွှေချောင်းလမ်းဆုံတွင် ဇူလိုင်လ ၁၁ ရက် ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က မိုးရွာသွန်းမှုကြောင့် လမ်းဘေးသစ်ပ...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရင့်နောင်လမ်းနှင့် ရွှေချောင်းလမ်းဆုံတွင် ဇူလိုင်လ ၁၁ ရက် ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က မိုးရွာသွန်းမှုကြောင့် လမ်းဘေးသစ်ပင်လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် လမ်းပိတ်ဆို့နေကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များသည် အများပြည်သူ သွားလာရေးအဆင်ပြေစေရန်အတွက် လမ်းပေါ်တွင် ပိတ်ဆို့နေသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

8