ထိုင်းနိုင်ငံတွင် အခြေခံစားသောက်ကုန်နှင့် ဟင်းလျာများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ပြည်သူများ၏ စားဝတ်နေရေးစရိတ် သက်သာစေရန်ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တစ်ပွဲလျှင် ၄၀ ဘတ်ဖြင့် ဝယ်ယူနိုင်မည့် ထမင်းဟင်းစီမံကိန်းတစ်ခုကို ချပြရန် ပြင်ဆင်နေသည်။ လတ်တလော စာရင်းများအရ ဝန်ထမ်းများနှင့် ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများ အဓိကစားသုံးနေရသည့် နေ့လယ်စာ စားသောက်ကုန်များသည် အရင်ကထက် ၁၀ ဘတ်ခန့် (၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ) ဈေးနှုန်းမြင့်တက်သွားသဖြင့် အခက်အခဲဖြစ်ပေါ်နေကြရခြင်း ဖြစ်သည်။ ထို့ကြောင့် စားသောက်ဆိုင်များအနေဖြင့် ဈေးနှုန်းမတက်ဘဲ သက်သာစွာ ဆက်လက်ရောင်းချပေးနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော ဆန်၊ ဆီ၊ ကြက်ဥနှင့် သကြား စသည့် အခြေခံကုန်ကြမ်းများကို စက်ရုံများမှတစ်ဆင့် ဈေးနှုန်းချိုသာစွာဖြင့် တိုက်ရိုက်ပံ့ပိုးပေးသွင်းသွားမည်ဖြစ်သည်။ ဒါ့အပြင် Blue Flag သက်သာချောင်ချိရေး အစီအစဉ်အောက်တွင်လည်း တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၈၀၀ ကျော်၌ အခြေခံလူသုံးကုန်ပစ္စည်းများကို ဈေးလျှော့ရောင်းချပေးမည့် နေရာပေါင်း ၉၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ်ပေးမည့်အပြင် ဝေးလံသောဒေသများသို့လည်း ရွေ့လျားမော်တော်ယာဉ်များဖြင့် လိုက်လံရောင်းချပေးသွားမည်ဖြစ်ရာ အဆိုပါအစီအစဉ်သည် ကုန်ဈေးနှုန်းဒဏ်ကြောင့် ကျပ်တည်းနေသည့် အခြေခံမိသားစုများ၏ စားဝတ်နေရေးကို ချက်ချင်းလက်ငင်း သက်သာရာရစေမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားထားသည်။
Jul 12 • 1:54 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


