back

Fire Dragon Futsal Championship 2026 ပြိုင်ပွဲကို MFF ဖူဆယ်ကွင်း၌ စတင်ကျင်းပ

Jul 12 • 1:52 AM

breaking-news

Myanmar

Local

cover

Fire Dragon Futsal Championship 2026 ပြိုင်ပွဲကို MFF ဖူဆယ်ကွင်း၌ စတင်ကျင်းပ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ဦးဆောင်ကျင်းပသည့် Fire Dragon Futsal Championship 2026 ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ MFF Futs...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ဦးဆောင်ကျင်းပသည့် Fire Dragon Futsal Championship 2026 ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ ဇူလိုင်လ ၁၁ ရက်နေ့က စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) အကြီးတန်း ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် တစ်အုပ်စုလျှင် ၄ သင်းစီဖြင့် အုပ်စု ၄ စု ခွဲကာ ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ ပြိုင်ပွဲကာလကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ သတ်မှတ်ထားပြီး တစ်ရက်လျှင် အနည်းဆုံး ၅ ပွဲမှ ၇ ပွဲအထိ အဆိုပါ MFF ဖူဆယ်ကွင်း၌ပင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15