back

မြန်မာနိုင်ငံရှိ မြစ်များအားလုံး၏ မြစ်ရေများ ဇူလိုင်လဒုတိယပတ်အတွင်း လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်

Jul 12 • 1:51 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံရှိ မြစ်များအားလုံး၏ မြစ်ရေများ ဇူလိုင်လဒုတိယပတ်အတွင်း လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်

ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံရှိ မြစ်များအားလုံး၏ မြစ်ရေများသည် လက်ရှိရေမှတ်များအထက်သို့ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်...

ဇူလိုင်လ ဒုတိယ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံရှိ မြစ်များအားလုံး၏ မြစ်ရေများသည် လက်ရှိရေမှတ်များအထက်သို့ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ၄ ပေမှ ၆ ပေခန့်၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၅ ပေမှ ၇ ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည့်အပြင် ချင်းတွင်းမြစ်ရေသည်လည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် ၅ ပေမှ ၉ ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။ ထို့အတူ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၅ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၂ ပေခန့်နှင့် ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၄ ပေခွဲခန့်အထိ လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ပြီး ပဲခူးမြစ်ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တို့တွင် ၃ ပေမှ ၄ ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၂ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၃ ပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် ၂ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ၃ ပေခန့်အထိ အသီးသီး လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

news-view-count-icon

49