ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၊ ဆွန်းလပြည်နယ် (Son La) ရှိ တာဆွာ (Ta Xua) အထူးထိန်းသိမ်းရေးတောနက်အတွင်း တည်ရှိသော လန်ဆန်း (Lang Sang) ကျေးရွာလေးတွင် ညနေခင်းအချိန်တိုင်း၌ စာဖတ်သံ၊ စာရေးသံများနှင့် သက်ဝင်လှုပ်ရှားလျက်ရှိကြောင်း သိရသည်။ နှစ်ပေါင်းများစွာ စာမတတ်ဘဲ စိုက်ပျိုးရေးခွင်ထဲ၌ ပေါက်တူးကိုသာ ကိုင်စွဲခဲ့ရသည့် မှုံ (H'Mong) တိုင်းရင်းသူ အမျိုးသမီးကြီးများသည် ယခုအခါ ရွာတွင်းရှိ မီးထွန်းညှိထားသော စာသင်ခန်းလေးများအတွင်း ပထမဆုံးအကြိမ်အဖြစ် စာလုံးပေါင်းခြင်းနှင့် စာရေးခြင်းတို့ကို သင်ယူခွင့်ရရှိနေကြပြီး၊ ယခုကဲ့သို့ ဖွင့်လှစ်ပေးသည့် စာတတ်မြောက်ရေး သင်တန်းများကြောင့် တိုင်းရင်းသူ အမျိုးသမီးများ၏ ဘဝအတွက် မျှော်လင့်ချက်အလင်းရောင်သစ်များ ရရှိနေကြကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် စာမတတ်သည့် တိုင်းရင်းသူအမျိုးသမီးများအတွက် စာတတ်မြောက်ရေး အထူးသင်တန်းများ ဖွင့်လှစ်ပေးနေ
Jul 11 • 11:08 AM
Vietnam
Local News
Share
| 9 | 0 | 0 | 0 |


