back

မော်လမြိုင်-ရန်ကုန် (DEMU) ရထားပေါ်တွင် အသက်ရှူကြပ်ဝေဒနာခံစားရသည့် ခရီးသည်အမျိုးသမီးအား ရထားဝန်ထမ်းများက ရထားရပ်တန့်၍ ကူညီပေးခဲ့

Jul 11 • 10:58 AM

breaking-news

Myanmar

Mon

cover

မော်လမြိုင်-ရန်ကုန် (DEMU) ရထားပေါ်တွင် အသက်ရှူကြပ်ဝေဒနာခံစားရသည့် ခရီးသည်အမျိုးသမီးအား ရထားဝန်ထမ်းများက ရထားရပ်တန့်၍ ကူညီပေးခဲ့

မော်လမြိုင်-ရန်ကုန် (DEMU) အမှတ် (၈၄) အစုန် အမြန်ရထားပေါ်တွင် ဇူလိုင် ၁၀ ရက်က သထုံဘူတာမှ တက်ရောက်စီးနင်းလာသည့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး အသက်ရှူကြပ်ဝေဒနာ အပ...

မော်လမြိုင်-ရန်ကုန် (DEMU) အမှတ် (၈၄) အစုန် အမြန်ရထားပေါ်တွင် ဇူလိုင် ၁၀ ရက်က သထုံဘူတာမှ တက်ရောက်စီးနင်းလာသည့် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး အသက်ရှူကြပ်ဝေဒနာ အပြင်းအထန် ခံစားနေရသည်ကို လက်မှတ်စစ်က တွေ့ရှိခဲ့သဖြင့် ရထားဝန်ထမ်းများက လိုအပ်သည်များကို ချက်ချင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် အဆိုပါလူနာက နှင်းပုလဲဘူတာတွင် ဆေးကုသမှုခံယူလိုကြောင်း ပြောကြားခဲ့သည့်အတွက် ရထားဝန်ထမ်းများက နှင်းပုလဲဘူတာ၌ ရထားကို ခေတ္တရပ်တန့်ပေးကာ လူနာအား ဆေးကုသမှုခံယူနိုင်ရေးအတွက် အဆင်ပြေအောင် ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

14