ထိုင်းနိုင်ငံ နခွန်စီထမ္မရတ်ခရိုင်အတွင်း အဝေးပြေးလမ်းမကြီးပေါ်တွင် ကြိုတင်သတင်းအရ စောင့်ဆိုင်းနေသည့် အဝေးပြေးရဲတပ်ဖွဲ့က ကား ၃ စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦးနှင့် ပို့ဆောင်ပေးသူ ထိုင်းနိုင်ငံသား ၅ ဦးတို့ကို ဇူလိုင် ၁၁ ရက်တွင် ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများသည် စစ်ဆေးမှုကို ရှောင်ရှားရန် ရှေ့ပြေးကားတစ်စီးနှင့် ခရီးသည်တင်ကားနှစ်စီးကို အကွာအဝေးခြား၍ မောင်းနှင်ခဲ့ကြသော်လည်း ရဲတပ်ဖွဲ့၏ တစ်ပြိုင်နက် ပိတ်ဆို့မှုကို ခံခဲ့ရခြင်းဖြစ်ကာ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများက ချွန်ဖွန်ခရိုင်မှ ဆောင်ခလာခရိုင်သို့ ပို့ဆောင်ရန် တစ်ခေါက်လျှင် ဘတ် ၇,၅၀၀ ဖြင့် ငှားရမ်းခြင်းခံခဲ့ရကြောင်း ဝန်ခံခဲ့သဖြင့် ၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် ချအို့ရဲစခန်းသို့ လွှဲပြောင်းထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ ကား ၃ စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၉ ဦးနှင့် ထိုင်းလူမျိုး ၅ ဦး ဖမ်းဆီးခံရ
Jul 11 • 10:58 AM
Thailand
Local News
Share
| 11 | 0 | 0 | 0 |


