back

ရန်ကုန်တွင် တစ်နှစ်ကြာ ပျောက်ဆုံးနေသည့် အသက် ၉ နှစ်အရွယ် ကလေးငယ်ကို လူမှုကူညီရေးအသင်းများက မိဘအရင်းထံ ပြန်လည်အပ်နှံပေးနိုင်ခဲ့

Jul 11 • 10:57 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တွင် တစ်နှစ်ကြာ ပျောက်ဆုံးနေသည့် အသက် ၉ နှစ်အရွယ် ကလေးငယ်ကို လူမှုကူညီရေးအသင်းများက မိဘအရင်းထံ ပြန်လည်အပ်နှံပေးနိုင်ခဲ့

လွန်ခဲ့သည့် တစ်နှစ်ခန့်က ရန်ကုန်ဘူတာကြီးတွင် စိတ်ကျန်းမာရေးချို့တဲ့သည့် မိခင်ဖြစ်သူနှင့် လူချင်းကွဲကာ ပျောက်ဆုံးသွားခဲ့ပြီး အဓမ္မခိုင်းစေမှုများ ကြုံတွေ့ခဲ့ရသည့...

လွန်ခဲ့သည့် တစ်နှစ်ခန့်က ရန်ကုန်ဘူတာကြီးတွင် စိတ်ကျန်းမာရေးချို့တဲ့သည့် မိခင်ဖြစ်သူနှင့် လူချင်းကွဲကာ ပျောက်ဆုံးသွားခဲ့ပြီး အဓမ္မခိုင်းစေမှုများ ကြုံတွေ့ခဲ့ရသည့် အသက် ၉ နှစ်အရွယ် မောင်အောင်မင်းခန့်အား လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ဖခင်အရင်းဖြစ်သူထံ ဇူလိုင် ၉ ရက်က မရမ်းကုန်းမြို့မရဲစခန်း၌ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါကလေးငယ်ကို မရမ်းကုန်းမြို့နယ်အတွင်း ပရဟိတအဖွဲ့တစ်ခုက တွေ့ရှိခဲ့ရာမှတစ်ဆင့် အဖြူရောင်ကမ်းလက်လူမှုကူညီရေးအသင်းနှင့် ချိတ်ဆက်ကာ မိဘများအား လိုက်လံရှာဖွေပေးခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ်တွင် နေထိုင်သည့် ဖခင်ဖြစ်သူ ဦးညီညီနှင့် အဆက်အသွယ်ရရှိကာ နေရပ်သို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

22