တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုသိမ်မြို့၌ ဩဂုတ် ၃ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ တက်ရောက်ကြမည့် တိုင်းဒေသကြီးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အားလုံးအနေဖြင့် ဩဂုတ် ၂ ရက်တွင် လွှတ်တော်ရုံးသို့ ကြိုတင်သတင်းပို့ရမည်ဖြစ်ပြီး၊ အစည်းအဝေးစတင်မည့်ရက်၌ မိနစ် ၃၀ ကြိုတင်ရောက်ရှိရမည်ဖြစ်ကာ မတက်ရောက်နိုင်ပါက ခွင့်တိုင်ကြားစာအား တစ်ရက်ကြိုတင်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Jul 11 • 10:56 AM
Myanmar
Ayeyarwady
Share
| 12 | 0 | 0 | 0 |


