ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၆၄/၇ နှင့် ၁၆၅/၀ အကြားတွင် ဇူလိုင် ၁၁ ရက် နံနက် ၅ နာရီခွဲကျော်က နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် "မြစန္ဒာ" အဝေးပြေးခရီးသည်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် လမ်းလယ်အကာအရံများကို ဝင်တိုက်မိခဲ့ရာ ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦးတို့ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းယာဉ်မတော်တဆမှု အများစုမှာ အိပ်ငိုက်ခြင်းကြောင့်ဖြစ်သဖြင့် ယာဉ်မောင်းများအနေဖြင့် ၂ နာရီမောင်းပြီးတိုင်း ခေတ္တနားကြရန်နှင့် သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းခြင်းမပြုရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် "မြစန္ဒာ" ခရီးသည်တင်ယာဉ် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်အကာအရံများကို ဝင်တိုက်မိရာ ၂ ဦး ဒဏ်ရာရ
Jul 11 • 10:54 AM
Myanmar
Yangon
Share
| 11 | 0 | 0 | 0 |


